Songtexte.com Drucklogo

Chit Tay Than Thar Songtext
von Shine

Chit Tay Than Thar Songtext

I was waiting for you so long
အချိန်တွေဟောင်း
နွေနဲ့မိုး ကုန်လို့ ဆောင်းတွေကူး
တစ်နေ့တော့ ရောက်လာလိမ့်မှာပဲ စိတ်နဲ့ ငါမျှော်ခဲ့တယ်
မင်းနဲ့ မတွေ့ရခင်ဝယ်
နှလုံးသားလေး ချာချာလည်


I was waiting for you so long
နင် ဘယ်ဆီတွေများ ရောက်ရောက်ရောက်
(ရောက် ရောက် ရောက် ရောက်)
အချစ်စစ်များ ဒီလူကို ပုန်းရှောင်
အတုအယောင်ကြားမှာ ငါမူးနောက်
နာကျင်ခဲ့ (နာကျင်ခဲ့)
နှလုံးသားများ ကြေကွဲလည်း
ငါဟာ မင်းနဲ့တွေ့မှ ပျော်ရွှင်တတ်ခဲ့ရတယ်
ဒါအချစ်ပဲ (ဒါအချစ်ပဲ)
အပြုံးများနဲ့သီဖွဲ့
ကြင်နာယုယမှုတွေ ရင်မှာမွေးဖွား
ချိုသာတဲ့ မင်းရဲ့ စကားသံတွေ နာခံရင်းသာ
သိပ်ခေါင်းမာတဲ့ အကျင့်ဆိုးလေးတောင် ပြန်ရှာလို့မရတော့ပါ
အို နွေးထွေးမှုများနဲ့ ထွေးပွေ့ကူထားခဲ့
အရေးပေး အယူမျှမယ် (yeah yeah yeah)

ဒီကမ္ဘာမြေအဆုံးထိ မပြောင်းလဲဘူး
မင်းလောက်ကောင်းတဲ့သူ မရှိဘူး
ကံအဆိုးအကောင်း အကြောင်းလည်းမမှု
အနားအမြဲရောက်မယ့် သူ ဒီတစ်ဦး
ဟေး ကောင်မလေး
ဘာကြောင့် အစောကြီး လာကာမတွေ့
ငါဟာ မေးမယ့်အကြောင်း

I was waiting for you so long
မင်းကို စောင့်မျှော်နေခဲ့ တစ်မိုးအောက်
ရောက်လာတော့ ဒီရင်ထဲမှာ ဝမ်းသာ
ဘာကြောင့်မို့ အချစ်ရယ် ကြာနေသလား?
I was waiting for you so long
ရွက်ခြောက်များကြွေ နွေနဲ့ မိုး ဆောင်း
အချစ်တွေနဲ့သူ လက်ကမ်းကာ လှမ်းလာ
နောက်ဆုံးတော့ မင်းကို တွေ့ခဲ့ပြီကွာ
အို ရေး ရေး ရေး ရေး


ငါ့ဘဝထဲ မင်းဝင်ရောက်လာတယ်
နေ့စွဲက စလို့ အားလုံးဟာ ပြောင်းလဲ
အနားကမခွဲ မင်းကုစားပါတယ်
ဒီဒဏ်ရာတွေကို မေ့ပြီး ငါ
အချစ်ဆိုတာ မင်းလို့ကို အဓိပ္ပါယ်ဖွင့်ဟ
မှန်လား မမှန်လားတော့မသိ (ငါမသိ)
ငါသိတာ မင်းပဲရှိ (မင်းအကြောင်းပဲရှိ)
မင်းသာ ငါ့ရဲ့ အိပ်မက်များကို ဆေးခြယ်
ဘယ်တော့မှ သွေးမကွဲ လက်ကို ဆုပ်ကိုင်ပေးခဲ့
ချစ်နေဆဲ ချစ်နေမြဲ
အချစ်ဟာ မင်းကြောင့် လှပခဲ့
မျှော်လင့်လိုက်ရတာကွယ်
ဘာကြောင့် ခုမှ ရောက်လာသလဲ
ကိုယ်စောဒကတက်လို့ မေးလိုက်ချင်ပေမယ့်
ဒီလို ချစ်ခွင့်ရတာပဲ ကိုယ်ကံကောင်းလွန်းလှပြီလို့ ထင်တယ်

ဒီကမ္ဘာမြေအဆုံးထိ မပြောင်းလဲဘူး
မင်းလောက်ကောင်းတဲ့သူ မရှိဘူး
ကံအဆိုးအကောင်း အကြောင်းလည်းမမှု
အနားအမြဲရောက်မယ့် သူ ဒီတစ်ဦး
ဟေး ကောင်မလေး
ဘာကြောင့် အစောကြီးလာကာမတွေ့
ငါဟာ မေးမယ့်အကြောင်း

I was waiting for you so long (so long)
မင်းကို စောင့်မျှော်နေခဲ့ တစ်မိုးအောက်
ရောက်လာတော့ ဒီရင်ထဲမှာ ဝမ်းသာ
ဘာကြောင့်မို့ အချစ်ရယ် ကြာနေသလား?
I was waiting for you so long
(I was waiting for you so long)
ရွက်ခြောက်များကြွေ နွေနဲ့ မိုး ဆောင်း
အချစ်တွေနဲ့သူ လက်ကမ်းကာ လှမ်းလာ
နောက်ဆုံးတော့ မင်းကို တွေ့ခဲ့ပြီကွာ
အို ရေး ရေး ရေး ရေး

Songtext kommentieren

Log dich ein um einen Eintrag zu schreiben.
Schreibe den ersten Kommentar!

Quiz
Welche Band singt das Lied „Das Beste“?

Fans

»Chit Tay Than Thar« gefällt bisher niemandem.